အကြမ်းဖက်ပြည်ဖျက် PDF များ၏ ပြာ်ဖျက် လုပ်ရပ်များ

Views

 လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ၂၂၇ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မတ် ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

-

လတ်တလော ဖောက်ခွဲမှုအနေဖြင့် အကြမ်းဖက် သမားများက မတ် ၂၇ ရက်က မော်လမြိုင်သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် ဓာတ်အား ၈၀ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက် ဖြန့်ဖြူးပေးနေသော ၂၃၀ ကေဗွီ သထုံ-မော်လမြိုင်  ဓာတ်အားလိုင်း၏ သထုံမြိုနယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ တာဝါတိုင် နှစ်တိုင်ကို  မိုင်းခွဲဖျက်ဆီးခဲ့သည့်အ တွက် တာဝါတိုင် တစ်တိုင် ပြိုလဲခဲ့ပြီး တာဝါတိုင် တစ်တိုင်မှာ ခြေထောက်တစ်ချောင်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-

အဆိုပါ တာဝါတိုင်များ ပြိုလဲပျက်စီးခဲ့မှုကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပိုလွှတ်လျက်ရှိသည့် ဓာတ်အား ၈၀ မဂ္ဂါဝပ် လျော့နည်းခဲ့ရပြီး လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအဖွဲများနှင့် ပူးပေါင်း၍ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီကြောင်း သတင်းရရှိသည်။

===========

ဆိုတော့ကား

လျှပ်စစ်မီး တစ်ခါပျက်တိုင်း

အကြမ်းဖက်သမားတွေကို တစ်ခါဆဲပါ၊ အကြိမ်ကြိမ်မေတ္တာပို့သပါ ။


#KT



Post a Comment

Previous Post Next Post