ပြည်သူတို့၏ဆန္ဒအမှန် (သို့မဟုတ်) Noleen Heyzer သို့ အိတ်ဖွင့်ပေးစာ (မူကြမ်း)

Views

 ပြည်သူတို့၏ဆန္ဒအမှန် (သို့မဟုတ်) Noleen Heyzer သို့ အိတ်ဖွင့်ပေးစာ (မူကြမ်း)

    ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် မစ္စနိုလင်း ဟေဇာ ဆီကို အိတ်ဖွင့်ပေးစာရေးတယ်ဆိုလို့ ဘယ်သူများ လည်းလို့ စိတ်ဝင်စားနေကြပါလိမ့်မယ်။ 

    ကျွန်တော်က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတဲ့ သာမန်ပြည်သူတစ် ယောက်သာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ပျက်စီးရာပျက်စီးကြောင်း၊ တစ်ဖက်သတ်  စွပ်စွဲချက် တွေ၊ ဖိအားပေးမှုတွေကို လက်မခံနိုင်တဲ့ သာမန်ပြည်သူတစ်ဦးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သာမန်ပြည်သူတစ်ဦးအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဆီကို ဒီလိုအိတ်ဖွင့်စာပေးပို့ခြင်းကလည်း ဒီမိုကရေစီအခွင့်အရေးအရ မိမိရဲ့ထင်မြင်ယူဆ ချက်၊ ခံစားချက်တွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ သိရှိနိုင်အောင် ပေးပို့ရခြင်းဖြစ်ပါတယ်။ ဒီစာကို သက်ဆိုင်သူထံ ရောက်အောင် နည်းမျိုးစုံနဲ့ ပေးပို့ ထားပြီးဖြစ်သလို နိုင်ငံတကာနဲ့ အများပြည်သူသိရှိနိုင်အောင် အခုလိုဆောင်းပါးရေး သားဖော်ပြရခြင်းဖြစ်ပါတယ်။
    ဒီအိတ်ဖွင့်ပေးစာမှာရေးသားထားတဲ့ အချက်တွေကတော့ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က နိုလင်းဟေဇာအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး တစ်ဖက်သတ် စွပ်စွဲပြောကြားချက်တွေကို တုံ့ပြန်အသိပေး ထောက်ပြလိုရင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လိုတုံ့ပြန်ထားတယ်ဆိုတာ မသိပေမယ့် နိုလင်းဟေဇာရဲ့ ပြောကြားချက်တွေဟာ တည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်က အခြေအမြစ်မရှိတဲ့ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒဖြန့်မှုတွေ၊ ပေးပို့ချက်တွေကို အခြေခံပြီး သံယောင်လိုက်ပြော ဆိုထားခြင်းဖြစ်တာကြောင့် ယခုလိုအိတ်ဖွင့်ပေးစာပေးပို့ရခြင်းဖြစ်ပါတယ်။
    နိုလင်းဟေဇာက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူလိုက်ခြင်းကြောင့် အကြီးအကျယ်ပျက်စီးနေပြီလို့ ဆိုပါတယ်။ နိုလင်းဟေဇာ သိသင့်တာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ တပ်မတော်က အာဏာထိန်းလိုက်လို့ ဖြစ်ပေါ် လာတာမဟုတ်ဘဲ အစွန်းရောက် NLD ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG ရဲ့ အလုံးစုံ ပျက်သုဉ်းရေးလမ်းစဉ်အရ သူတို့လက်အောက်ခံ PDF တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြောင့်သာဖြစ်တယ်ဆိုတာကို အသိပေးလိုပါတယ်။
    တကယ်တော့ NUG/PDF တွေအနေနဲ့ နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက် နည်းလမ်းကိုသုံးပြီး ရယူလိုကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ပဋိပက္ခဟာ ရွေးကောက်ပွဲမသမာမှုနဲ့ နိုင်ငံရေးပဋိပက္ခဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းနိုင် တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအခါမှာ NUG စတင်ပေါက်ဖွားလာတဲ့ NLD အဖွဲ့အတွင်းမှာတင် လက်နက်ကိုင်လမ်းစဉ်ကို မထောက်ခံတဲ့ အုပ်စုတွေရဲ့ အသံတွေ ကျယ်ကျယ်လောင် လောင် ထွက်ပေါ်နေပါတယ်။ ပြည်ပြေးအကြမ်းဖက်အုပ်စုတွေက မြန်မာပြည်တွင်းက အကြမ်းဖက်လမ်းစဉ်ကို မထောက်ခံတဲ့ NLD တွေကို ဖြုတ်/ထုတ်/သတ်လုပ်ဖို့ ကြိုးစား နေတဲ့ အချက်အလက်တွေ၊ အင်တာဗျူးတွေကို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
    ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ စစ်တပ်က အာဏာထိန်းလို့လား။ NUG/PDF တွေရဲ့ အစွန်းရောက် အကြမ်းဖက်လမ်းစဉ်ကြောင့် လားဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ NUG ရဲ့ လုပ်ကြံသတ်ဖြတ်မယ့် “Hit List” ထဲမှာ ပါနေလို့ နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကို အကူအညီတောင်းတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူတစ်ဦးရဲ့စာကိုလည်း နိုလင်းဟေဇာ မသိလိုက်ဖူးလားလို့ မေးရမလိုရှိ ပါတယ်။ ဒီ “Hit List” မှာ စစ်တပ်ကိုထောက်ပံ့ပေးနေတယ်လို့ NUGအနေနဲ့ ယူဆထား တဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေအပြင်၊ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတဲ့ ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေးပါတီက ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာ အောင်နိုင်ဦးနဲ့ ပါတီဝင်တွေကိုလည်း အကြိမ်ပေါင်းများစွာ အကြမ်းဖက်ခြိမ်းခြောက်မှု တွေ ပြုလုပ်ခံနေရကြောင်း၊ NUG နဲ့ PDF အဖွဲ့ ၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေ တဲ့ အထောက်အထားဓာတ်ပုံကိုပါ တွဲဖက်ပြီးပေးပို့ပါကြောင်းစသဖြင့် ဖော်ထုတ်ရေး သားထားပြီး နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းကို အကူအညီတောင်းခံခဲ့တာကို တွေ့ ရပါတယ်။ NUG/PDF တွေအနေနဲ့ သူတို့ကို မထောက်ခံတဲ့ ပြည်သူတိုင်းကို ရန်သူလို့ သတ်မှတ်ပြီး အကြောင်းမဲ့ရန်ရှာ သတ်ဖြတ်နေကြတယ်ဆိုတာ အလွယ်တကူသိရှိနိုင် ပါတယ်။ သူတို့ရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်များက အကောင်းဆုံးသက်သေအဖြစ်ရှိနေပါတယ်။
    နောက်တစ်ချက်အနေနဲ့ နိုလင်းဟေဇာက မြန်မာစစ်တပ်ဟာ သူ့ရဲ့အာဏာကို ချုပ်ကိုင်နိုင်ဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဆောင်ရွက်နေတယ်လို့ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံးဟာ PDF အကြမ်းဖက်သမားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့ ကျူး လွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဥပဒေနဲ့အညီ ကာကွယ်ပေးနေရ တာသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ ခုအချိန်ထိ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေးကြေညာထားတာမဟုတ်ဘဲ အကြမ်းဖက် PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထကြွသောင်းကျန်းတဲ့ မြို့နယ် ၄၇ မြို့နယ်ကိုသာ စစ်အုပ်ချုပ်ရေးကြေညာပြီး အကန့်အသတ်နဲ့ ဆောင်ရွက်နေတယ်ဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်နိုင်ပါတယ်။
    NUG အဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှစပြီး D-Day အမည်ခံပြီး အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်တင်ဖို့ လှုံ့ဆော်ခဲ့ကြတာ ကမ္ဘာသိဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ NUG/PDF အကြမ်းဖက်သမားများရဲ့တိုက်ခိုက်မှုနဲ့ ဒလန်လို့စွပ်စွဲပြီး အကြမ်းဖက်သတ် ဖြတ်မှုကြောင့် လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူ(၄,၉၅၇)ဦး သေဆုံးခဲ့ပါတယ်။ ရဟန်း၊ သံဃာတော်(၇၀)ပါးနှင့် သီလရှင်(၂)ပါး ပျံလွန်တော်မူခဲ့ရပြီး အစိုးရဝန်ထမ်းများ(၂၃၄) ဦး၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနဲ့ သက်ဆိုင်ရာဝန်ထမ်း(၆၁၇)ဦး သေဆုံးခဲ့ပါ တယ်။ ကျန်းမာရေးဝန်ထမ်း(၁၄)ဦး၊ ဆရာ/ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း (၆၇)ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦများအား ဗုံးခွဲမီးရှို့ ဖျက်ဆီးခံရမှုဖြစ်စဉ်ပေါင်း(၆၄၈)ခုရှိပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများပြည်သူနဲ့ သက် ဆိုင်တဲ့နေရာများကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၁၅,၄၅၂)ကြိမ်ရှိခဲ့ပြီ ဖြစ်ပါ တယ်။
    ဒီအချက်အလက်တွေကို နိုင်ငံတကာ သံရုံး/စစ်သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ လူ ပုဂ္ဂိုလ်တွေဆီကို အမြဲပေးပို့နေကြောင်းသိရလို့ ဒီအကြောင်းအရာတွေကို နိုလင်းဟေဇာ မသိတာမဖြစ်နိုင်ပါဘူး။ မသိချင်ဟန်ဆောင်တာပဲ ဖြစ်ပါလိမ့်မယ်။ အစိုးရဆန့်ကျင်ရေး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မြေပြင်သတင်းအချက်အလက်အမှန်တွေကို မီဒီယာအား၊ နည်းပညာအားနဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး ပိတ်ဆို့ထားကြပေမယ့် လက်ရှိပကတိ ဖြစ်ပေါ်တိုးတက်နေတဲ့ မှန်ကန်တဲ့ သတင်းတွေရနိုင်တဲ့ www.infosheet.org ကဲ့သို့သော သတင်းစာမျက်နှာတွေရှိပါတယ်။ မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် ဘာသာ စကား(၄)မျိုးနဲ့ ဖတ်ရှူနိုင်တာတွေ့ရပါတယ်။ အနောက်အုပ်စု လက်ဝေခံမီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုရဲ့ဝါဒဖြန့်သတင်းတွေမှာပဲ လမ်းဆုံးမနေဖို့ နိုလင်းဟေဇာကို တိုက် တွန်းလိုပါတယ်။ တာဝန်ကြီးကြီးမားမားယူထားသူ ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ဖက်သတင်းကို မျှတစွာနားထောင်တတ်ဖို့ဆိုတာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။
    အထူးသဖြင့် မြေပြင်အခြေအနေကို မသိဘဲ အဆင်အခြင်မဲ့ပြောကြားချက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာမှာ ပြည်သူ၂၈ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ တင်ပြချက်တစ်ခု ရရှိထားတယ်ဆိုသော ပြောကြားချက်ဖြစ်ပါ တယ်။ ဒီလိုအနောက်အုပ်စုမီဒီယာတွေက တပ်မတော်ရဲ့ ပုံရိပ်ထိခိုက်အောင် ပုံဖျက် ထားတဲ့ မဟုတ်မမှန်သတင်းဟာ ပအိုဝ်းပြည်သူတစ်ရပ်လုံးက KNDF နဲ့ PDF တွေ သတ်တာပါလို့ ကွင်းလုံးပြည့် ဆန္ဒဖော်ထုတ်ပွဲကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရ ပြီးပြီ ဖြစ်ပါတယ်။ ဒီလိုမဟုတ်မမှန် စွပ်စွဲချက်တစ်ခုကို နိုလင်းဟေဇာက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကိုးကားသွားတော့ မြေပြင်အခြေအနေမှန်တွေနဲ့ ဘယ်လောက် ကင်းကွာနေတဲ့ ပြောကြားချက်တွေဖြစ်တယ်ဆိုတာ အလွယ်တကူသိရှိနိုင်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေနဲ့ NUG/PDF တွေရဲ့ ဝါဒဖြန့်ချိရေးယန္တယားရဲ့ အသုံးချခံ လက်ကိုင် တုတ်ဖြစ်နေတာ အလွန်ရှက်စရာကောင်းပါတယ်။


    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း KNDF/KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ပအိုဝ်းသံဃာတော်များနှင့် လူမျိုးများအား လူမဆန်စွာ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်မှုများ

        မြန်မာနိုင်ငံမှာ ကလေးသူငယ်များပါမချန် အစုလိုက်အပြုံလိုက်လူသတ်နေကြတာ PDF တွေဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ၊ NUG/PDF တွေ ကျူးလွန်ထားတဲ့ မိသားစုဝင် ဦးရေ(၃)ဦးနှင့်အထက် အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခံရသော ဖြစ်စဉ်ပေါင်း ၇၆ ခုရှိပြီး၊ အပြစ်မဲ့ပြည်သူပေါင်း ၃၄၅ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အချို့အသတ်ခံရသူများထဲမှာ အရွယ် မရောက်သေးသူ ကလေးငယ်များ ပါဝင်နေတာတွေ့ရပါတယ်။ NUG/PDF သတ်လို့ သေဆုံးခဲ့ရတဲ့ ကလေးသူငယ်အရေအတွက် ၁၄၃ ဦး ရှိပြီဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့တဲ့ အရေ အတွက် ၃၉၂ ဦး ရှိပြီဖြစ်ပါတယ်။ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးက  ကလေးသူငယ်တွေဟာ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ပြီး၊ မကွေး တိုင်းဒေသကြီးက ဒုတိယအများဆုံး ဖြစ်ပါတယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ် အများစုဟာ နိုင်ငံရေးအရောင်အသွေးမတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲသတ် ဖြတ်လို့၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံ အကြမ်းဖက်တွေ လက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသမ်းပစ်ခတ် လို့၊ ကျေးရွာမီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိပစ်ချလို့ သေဆုံးခဲ့ ကြရတာ အများစုဖြစ်ပြီး၊ PDF အမည်ခံအကြမ်းဖက်တွေ အကြမ်းဖက်မှုဆောင်ရွက်ဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ဓားစာခံအဖြစ်အသုံးချတဲ့အတွက် သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။
    ဒီဖြစ်စဉ်တွေအားလုံးဟာ စစ်တပ်က ဝါဒဖြန့်လုပ်ကြံရေးသားထားတဲ့ ဖြစ်စဉ် တွေ မဟုတ်ဘဲ CRPH/NUG/PDFs အဖွဲ့တွေ ကျူးလွန်နေကြတယ်ဆိုတာ မြန်မာ ပြည်သူတွေအားလုံး သက်သေရှိပါတယ်။ NUG/PDFs တွေကိုယ်တိုင်လည်း ဒီလို အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို သူတို့ရဲ့ မဟာအောင်မြင်မှုကြီးတွေအဖြစ်၊ တော် လှန်ရေးလှုပ်ရှားမှုအဖြစ် ထုတ်ဖော်ဂုဏ်ဆာနေကြတဲ့ အထောက်အထားတွေ မရေ မတွက် နိုင်အောင်ရှိပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို မျက်ကွယ်ပြု၊ မသိချင်ယောင် ဆောင်နေပြီး အစိုးရဘက်က တရားဥပဒေအရ အရေးယူဆောင်ရွက်နေတာကို တစ်ဖက်သတ် ဖိအားပေးနေတာက နိုင်ငံရေး၊ သံတမန်ရေးဘက်လိုက်မှုရှိနေတယ် ဆိုတာ သိသာလွန်းအားကြီးပါတယ်။ NUG/PDF တွေရဲ့ အကြမ်းဖက်မှုတွေကို သွယ် ဝိုက်ပြီး အားပေးထောက်ခံရာလည်း ရောက်နေလို့ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ သာမန် ပြည်သူတွေ ဘယ်လိုမှ လက်ခံလို့မရနိုင်ဘူးဆိုတာကို သိစေချင်ပါတယ်။
    နိုလင်းဟေဇာက မြန်မာနိုင်ငံရဲ့ပြီးခဲ့တဲ့ နိုင်ငံရေးပွင့်လင်းလာမှုကြောင့် အသီး အပွင့်ခံစားခဲ့ရတဲ့ လူငယ်အများစုဟာ ယခုအခက်အခဲတွေနဲ့ အခြေအနေတွေကို စိတ် ပျက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အပြင် အခြားမရှိတော့ဘူးလို့ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ NLD အစွန်းရောက်တွေနဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမားဖြစ်သွားရတဲ့ PDF လူငယ်တွေ လက် တစ်ဆုပ်စာတောင် မပြည့်ပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို နားလည်သဘော ပေါက်ပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားနေတဲ့ လူငယ်ထုကြီးက နိုလင်းဟေဇာရဲ့စကား ကို ပျက်ရယ်ပြုနေကြပါတယ်။ လူငယ်သဘာဝ စွန့်စားလိုစိတ်ကို နိုင်ငံရေးမှိုင်းတိုက်ခံ ရပြီး လမ်းမှားလိုက်မိလို့ တောထဲရောက်ပြီး ဘဝပျက်နေရတဲ့ PDFs လူငယ်လေးတွေ ကိုယ်တိုင်ရင်ဖွင့်ပြောဆိုချက်တွေအရ NUG အဖွဲ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပုံ တွေကို နိုင်ငံတကာကလည်း ကြားသိကြမယ်လို့ ယုံကြည်ပါတယ်။
    မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတစ်ချို့မှာ ပြည်သူ တွေ ဒုက္ခရောက်နေကြတာက စစ်တပ်က ဖြတ်လေးဖြတ်ဆောင်ရွက်နေလို့ မဟုတ်ပါ ဘူး။ PDF တွေ ရွာမီးရှို့၊ လူသတ်၊ ပြန်ပေးဆွဲနေကြလို့ ဒုက္ခရောက်နေရတာ ဖြစ်ပါ တယ်။ ဒီလိုနေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလောက် အင်အား သုံးပြီး ကာကွယ်ရုံမှတစ်ပါး အခြားမရှိဘူးဆိုတာ စဉ်းစားတတ်သူတိုင်း သိကြပါတယ်။ နိုလင်းဟေဇာက NUG အနေနဲ့ PDF တွေကို လူသားမဆန်တဲ့သတ်ဖြတ်မှုတွေ မကျူး လွန်ကြဖို့ သတိပေးထားတယ်ဆိုပြီး နိုင်ငံရေး၊ သံတမန်ရေးအရ ကာကွယ်ပြောဆိုသွား တာကို တွေ့ရပါတယ်။ တကယ်တမ်းလက်တွေ့မှာ NUG က အကြမ်းဖက်မှုတွေကို ဦးဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် နိုလင်းဟေဇာရဲ့ ဒီလိုပြောကြားချက်တွေက အကြမ်းဖက်သမားတွေကို အားပေးထောက်ခံရာရောက်နေပါတယ်။ PDF တွေ အကြမ်း ဖက် လူသတ်နေတာ NUG ရဲ့ ညွှန်ကြားချက်နဲ့ ကျူးလွန်နေကြတယ်ဆိုတာကို သိသိ ကြီးနဲ့ ဒီလို ကာကွယ်ပြောဆိုသွားတာဟာ အလွန်ပဲ ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။
    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဖြစ်ပေါ် နေတဲ့ ပဋိပက္ခတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဖော်ထုတ်ရမှာဖြစ်ပါတယ်။ သို့ပေမယ့် ထောက်ပံ့ကြေးပေးထားတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေအလိုကျ ဘက်လိုက်ပြောဆို နေတာတွေ၊ မဟုတ်မမှန် ကိုးကားချက်တွေက မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်နဲ့ ကင်း ကွာနေတယ်ဆိုတာကို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား မခံမရပ်နိုင်ဖြစ်လွန်းလို့ တုံ့ပြန်ပြောကြားရခြင်းဖြစ်ပါတယ်။
    အမိနိုင်ငံကို စွန့်ခွာထွက်ပြေးပြီး အဝေးကနေ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုဖျက်ဆီးနေသူတွေရဲ့ ပြောဆိုလုပ်ကိုင်မှုတွေဟာ မြန်မာပြည်သူလူထုကို ကိုယ်စားမပြုပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်လည်း မဟုတ်ပါ ဘူး။ နိုင်ငံတစ်နိုင်ငံဟာ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ လူနေမှုဘဝတွေ မြင့်မားတိုးတက်မှာဖြစ်ပါတယ်။

        ဒီနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်တွေအရ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူအများစုက CRPH/NUG/PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံ သတ်ဖြတ်နေတာတွေကို ရွံရှာမုန်းတီးနေပြီဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းပြီး၊ သာယာ ပျော်ရွှင်တဲ့မိသားစုဘဝတွေကို ပိုင်ဆိုင်ရရှိဖို့ အကြမ်းဖက်လုပ်ရပ်တွေ လျော့နည်းပ ပျောက်စေချင်တာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒ အမှန်ကို ဖြည့်ဆည်းပေးချင်တယ်ဆိုရင် နိုလင်းဟေဇာအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်အောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျောက်နိုင်အောင် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။ တစ်ဖက်သတ်အပြစ်ဖို့ခြင်း၊ ဖိအားပေးခြင်းနဲ့တော့ လမ်းကြောင်းမှန်ပေါ်ရောက်လာမှာ မဟုတ်ပါဘူး။
    ဒါ့ကြောင့် အထက်ပါအကြောင်းအရာများဟာ မိမိနိုင်ငံနဲ့လူမျိုးအကျိုးစီးပွားကို ပျက်စီးစေဖို့ရည်ရွယ်ပြောဆိုချက်တွေကို လက်မခံနိုင်တဲ့၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေး ချမ်းရေးကို လိုလားတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း နိုလင်းဟေဇာနဲ့တကွ နိုင်ငံတကာကသိရှိအောင် ဒီအိတ်ဖွင့် ပေးစာကနေတစ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။

မင်းခန့်
(ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။)



 

Post a Comment

Previous Post Next Post