စိတ်အေးကြစေရန်အလို့ငှာ

Views


စစ်မှုထမ်းရမှာက ၂ နှစ်ဗျာ ၂ နှစ်ဆိုတော့ ရက်ပေါင်း ၇၃၀ ..

စစ်ပညာသင်ရမှာက ၆ လ၊ ၆ လ ဆိုတော့ ရက်ပေါင်း ၁၈၀ ပေါ့ဗျာ ..

တစ်လမှာ ၄ ပတ်၊ ၄ ပတ်မှာ စနေတနင်္ဂနွေပိတ်ရက်က ၈ ရက် ..

၆ လ ဆိုတော့ ပိတ်ရက် ၄၈ ရက် (သီတင်းကျွတ်တို့ သင်္ကြန်တို့ ပိတ်ရက်ရှည်တွေ တရားဝင် အစိုးရရုံးပိတ်ရက်တွေထည့်မတွက်ထားသေးဘူး) သင်တန်းကာလ ၆ လ ရက်ပေါင်း ၁၈၀ ထဲက ၄၈ ရက်နှုတ်ဗျာ ၁၃၂ ရက်။ အဲ့ဒီမှာ သင် တန်း ကာလမှာတင် ၁၃၂ ရက်ပဲတက်ရမယ်။

-

သင်တန်းဆင်းပြီးရင် တာဝန်ထမ်းဆောင်ဖို့ ၁ နှစ်ခွဲကျန်မယ် အကြမ်းဖျဉ်း ၅၄၇ ရက်ကျန်မယ်.. တာဝန် ထမ်းဆောင်ရမယ့် တပ်ကိုသွားတာ ဘာညာရွှီရှောင်နဲ့ ရက် ၂၀၊ ၅၂၇ ရက်ကျန်မယ် စနေတနင်္ဂနွေက တစ်နှစ်ခွဲအတွင်း ၉၆ ရက် ရှိတယ် အဲ့မှာ ၄၃၁ ရက်ကျန်မယ် သီတင်းကျွတ် ၁၀ ရက် သင်္ကြန် ၅ ရက် လွတ်လပ်ရေးနေ့ ၁ ရက် တပ်မတော်နေ့ ၁ ရက် ခရစ်စမတ် ၁ ရက် ပေါင်း ၁၈ ရက် ထပ်နှုတ် ၄၁၃ ရက်ကျန်။

-

အမြဲတမ်း စစ်မှုထမ်းမဟုတ်တဲ့အတွက် တစ်နှစ်ကို တစ်ကြိမ် ခွင့်ရမယ်.. ရှောင်တခင်ခွင့်ဆို ၂ ခါရရင် ၁၀ ရက် ၂ ခါ ရက် ၂၀ ထပ်နှုတ် ၃၉၃ ရက်ကျန် .. ဒီကြားထဲ လည်လည်ဝယ်ဝယ်ရှိရင် ယာယီတာဝန် သွားလို့ရသေးတယ်.. ယာယီတာဝန်က တစ်လပဲထား.. ရက် ၃၀ ဆိုတော့ ၃၆၃ ရက်ကျန် ..

ကဲ စစ်မှုထမ်းကာလ တစ်နှစ်ပြည့်ဖို့တောင် ၂ ရက်လိုနေသေးတယ်။

ကဲ... ပြောကြည့် ဘာလိုသေးလဲ???

စိတ်အေးကြပါတော့ အဟမ်းအဟမ်း

Post a Comment

Previous Post Next Post