242 Views
( စိန့်ပီတာစဘတ်မြို့ရှိ ပညာတော်သင်များနှင့် တွေ့ဆုံခြင်း )
ဧပြီလ ၂၆ ရက်နေ့နံနက်ပိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဌ Mr. Grigoriev Evgeny Dmitrievich နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်သားအရာရှိများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။