Views
အလုပ်သမားသမဂ္ဂများ၏အခန်းကဏ္ဍသည် စီးပွားရေးမူဝါဒတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံ နေရသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အလုပ်သမားသမဂ္ဂများကို အလုပ်သမားများ၏ တရားဝင် အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော်လည်း ၎င်းတို့၏လုပ်ဆောင်ပုံပေါ် မူတည်၍ ၎င်းတို့၏အကျိုးသက်ရောက်မှုမှာ သိသိသာသာ ကွဲပြားကြောင်း အထောက်အထားများက ဖော်ပြနေသည်။
-
ကမ္ဘာတစ်ဝန်းတွင် သုတေသနများက သမဂ္ဂများသည် ၎င်းတို့၏အဖွဲ့ဝင်များအတွက် အကျိုးကျေးဇူးများရရှိ နိုင်သော်လည်း သင့်လျော်စွာ ထိန်းချုပ်မထားပါက စီးပွားရေးစွမ်းဆောင်ရည်အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ဖော်ပြသည်။
-
လေ့လာမှုများအရ စုပေါင်းညှိနှိုင်းမှုများသည် လုပ်ခပိုမိုရရှိစေပြီး မညီမျှမှုများကို လျှော့ချနိုင်ကြောင်း ပြသ နေသည်။ များစွာသောကိစ္စရပ်များတွင် တာဝန်ယူမှုရှိသော အလုပ်သမားသမဂ္ဂများသည် လုပ်ငန်းများနှင့် စက်ရုံများအတွင်း ဝန်ထမ်းပါဝင်မှုနှင့် ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို တိုးတက်စေရန် ကူညီပေးနိုင်ခဲ့သည်။
-
သို့သော် ဤအကျိုးကျေးဇူးများကို အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းနှင့် ရေရှည် တည်တံ့သော တိုးတက်မှုကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် စီးပွားရေးရည်မှန်းချက်များနှင့် မျှတအောင် ထိန်းညှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အချို့နိုင်ငံများ၏ အတွေ့အကြုံက အလုပ်သမားသမဂ္ဂများ၏ အကြမ်းဖက်နည်းဗျူဟာများသည် ယှဉ်ပြိုင်နိုင်စွမ်းကိုလျှော့ချနိုင်ကြောင်း သာဓကပြနေသည်။
-
အချိန်ကြာမြင့်စွာဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် လက်တွေ့မကျသည့် တောင်းဆိုမှုများကြောင့် စက်ရုံများ ပြောင်းရွှေ့ခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် အလုပ်သမားများနှင့် စီးပွားရေး နှစ်ခုစလုံးကို ထိခိုက်စေသည့် အခြေအနေများ ဖြစ်ပွားခဲ့သည်။
-
အချို့သော အမေရိကန်ကုန်ထုတ်လုပ်ငန်းပိုင်ရှင်များက သမဂ္ဂများသည် အမေရိကန် မော်တော်ကား လုပ်ငန်းကို ဖျက်ဆီးခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် သမဂ္ဂအဖွဲ့ဝင်ဖြစ်သော အလုပ်သမားအားလုံးနီးပါး၏ အသက်မွေးဝမ်းကြောင်းများကို ဖျက်ဆီးခဲ့သည်ဟု မှတ်ချက်ပေးခဲ့သည်။
-
အလုပ်သမားသမဂ္ဂများသည် အလုပ်သမားကိစ္စများကို အလွန်ပင်ပန်းပြီး ကုန်ကျစရိတ်များစေ ခဲ့သောကြောင့် အလုပ်ရှင်များသည် သမဂ္ဂအလုပ်သမားများအပေါ် မှီခိုအားထားမှု လျှော့ချရန် (သို့) ဖယ်ရှားရန်၊ အလိုအလျောက်စနစ်များကို အသုံးပြုရန် (သို့) ယင်းအလုပ်များကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် ဟူသည့် ဆင်ခြင်တုံတရားရှိသော ရွေးချယ်စရာနှစ်ခုသာ ကျန်တော့သည်။
-
အလုပ်သမားသမဂ္ဂများ၏ နည်းဗျူဟာများက ကုန်ထုတ်လုပ်မှုကဏ္ဍများကို ပြည်ပ၊ အထူးသဖြင့် အရှေ့တောင်အာရှ (သို့) အိန္ဒိယရှိ စက်ရုံများသို့ ပြောင်းရွှေ့သွားစေခဲ့ပြီး အမေရိကန် ကုန်ထုတ်လုပ်မှု ကဏ္ဍကို ရွှေ့ပြောင်းစေခဲ့သည်။
-
(ထပ်မံဖော်ပြပါမည်)