Views
ကလလတ တပ်ဖွဲ့အသွင်ပြောင်း BGF (၁၀၀၄)နှင့်(၁၀၀၅) မှ တပ်ဖွဲ့ဝင်အချို့ ဌာနချုပ်ကို စွန့်ခွာပြီး KNDF ၊ KNPP နဲ့ ပူးပေါင်းပြီး စကစ တပ်စခန်းတွေ ပြန်တိုက်ခိုက်မှုသတင်းများ အားလုံးသိပြီးဖြစ်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာတော့ ကလလတအဖွဲ့က စကစကို ပြန်လည်ပုန်ကန်ကြောင်း ထုတ်ပြန်ချက် Online ပေါ်မှာ ပျံ့နှံ့လာပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကလလတအဖွဲ့ရဲ့ ဟိုဘက်ကူး ဒီဘက်ကူးနဲ့ နှစ်ပေါင်း ၃၀ နီးပါး စစ်တပ်နဲ့ပူးပေါင်းခဲ့ပြီး ယခုအခါမှ စစ်တပ်လက်အောက်က ရုန်းထွက်နိုင်ခဲ့ကြောင်း၊ ကလလတအဖွဲ့ ဗဟိုကော်မတီအမည်ခံပြီး ရဲဘော်လော်ရင့်စိုး ဆိုသူက ထုတ်ပြန်ခဲ့ပါတယ်။
ဆက်သွယ်ရမဲ့သူ ဖုန်းနံပါတ်လိပ်စာအရ ထိုင်းနိုင်ငံအတွင်းက ဖြစ်ပြီး ကွန်မြူနစ်အသုံးအနှုန်းဖြစ်တဲ့
အမည်ရှေ့က ရဲဘော်လို့ သုံးနှုန်းထားပြီးလောရင့်စိုးဟာကလလတအဖွဲ့မှာ အတွင်းရေးမှုးအဆင့်သာရှိပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေထဲက တောခိုတဲ့အထဲ မပါဝင်ခဲ့တဲ့ ကလလတ တပ်ဖွဲ့ဝင်များနဲ့ နဂါးအဖွဲ့ကတော့ ဒီထုတ်ပြန်ချက်ကို သဘောမတူကြောင်းနဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း Online ပေါ်ကပဲ သဘောထားပြန်ထုတ် ထားတာတွေ့ရှိရပါတယ်။
ဒါ့ကြောင့် BGF (၁၀၀၄)၊ (၁၀၀၅) တောခိုရာမှာ ကလလတတပ်ဖွဲ့အတွင်း ဒုဥက္ကဋ္ဌ ထွန်းရွှေ (ကယန်း) ဦးစီးတဲ့အဖွဲ့နဲ့ ဒုဥက္ကဋ္ဌ ထူးကော်(ကယော) ဦးစီးတဲ့အဖွဲ့ သဘောထားကွဲလွဲလျက် ရှိနေပြီး တပ်မတော်က ဗိုလ်မှူးကြီးရာထူး အဆောင်အယောင်ယူထားတဲ့ ဥက္ကဋ္ဌ ထွန်းကျော် (ကယန်း)ကတော့ ထိုင်းနိုင်ငံနယ်စပ်မှာ တိမ်းရှောင်နေပြီး နောက်ကွယ်ကနေ လှုပ်ရှားနေပါတယ်။