ဒီရက်ပိုင်းအတွင်း အလွန်အကျည်းတန် အရုပ်ဆိုးပြီး၊ အော့နှလုံးနာစရာ သတင်းတစ်ပုဒ်ကို တွေ့နေရပါတယ်။ အဲဒါကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ဂွေးပင်ရိုးကျေးရွာရှိ၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို အကြမ်းဖက် PDF အကြမ်းဖက်သမား (၅) ဦးက လူမဆန်စွာ ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ကိစ္စပါ။ အကြမ်းဖက်သမားတွေဟာ လက်နက်ဆိုလို အပ်တိုတစ်ချောင်းတောင် မကိုင်ထားတဲ့ ဆရာတော်ကို မျက်လုံးကျွတ်ထွက်၊ ဦးခေါင်းပွင့်ပြီး မြင်မကောင်း ရှုမကောင်းအောင်ထိ အနီးကပ်ဦးခေါင်းကိုတေ့ပြီး ပစ်သတ်ခဲ့ကြတာပါ။
ဘာကြောင့်ဒီလိုသတ်ခံရတာလဲဆိုတော့ တပ်မတော်မှ လုံခြုံရေးတပ်ဖွဲဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ကျောင်းတိုက်၌တည်းခိုခွင့်ပြုခြင်း၊ အစားအသောက်များ စွန့်ကြဲခဲ့ခြင်းတိုကြောင့် PDF အကြမ်းဖက်သမားများဟာ သတင်းပေး၊ ဒလန်ဟု မတရားစွပ်စွဲကာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေဆိုတာ စစ်တပ်ကပဲလာလာ၊ အကြမ်းဖက် PDF တွေပဲလာလာ၊ သူတောင်းစားပဲလာလာ မည်သူမဆို အယုတ်အလတ်၊ အမြတ်မရွေး ဝင်ရောက်နားခိုလိုရတဲ့နေရာပါ။ ဒါကိုတောင် စစ်တပ်က ခဏဝင်နားသွားတာနဲ့ ဒလန်လိုစွပ်စွဲကာ ရက်ရက်စက်စက် သတ်ဖြတ် ကြတာဟာ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်လှပါတယ်။
အကြမ်းဖက်သမား PDF တွေဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုသာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေကြပြီး ကျန်တဲ့ဘာသာရေးခေါင်းဆောင်များ သတ်ခံရခြင်း လုံးဝမရှိတာကို မြင်တွေ့နေရ ပါတယ်။ ယနေ့အထိ PDF များ၏ သတ်ဖြတ်ခြင်းခံရတဲ့ ဆရာတော် (၇၆)ပါး၊ ဒဏ်ရာရ (၅၇) ပါးနှင့် သီလရှင် (၁)ပါး(အသတ်ခံရ) ရှိခဲ့ပါတယ်။
ဒီလိုဗုဒ္ဓဘာသာ ရဟန်းတော်တွေ အသတ်ခံရတာ သွေးရိုးသားရိုးတော့ မဟုတ်ပါဘူး။ NUG အဖွဲက နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF များဟာ သတ်ဖြတ်ခြင်းကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် OIC အဖွဲထံမှ ငွေကြေးထောက်ပံ့မှု ရယူခဲ့ခြင်း၊ နောက်ထပ်လည်း ဆက်လက် ရယူလိုခြင်းတိုကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။
NUG ၏ လက်အောက်ခံ PDF အကြမ်းဖက်သမားတွေဟာ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကချင်၊ ကရင်၊ ကယား၊ ချင်း အစရှိတဲ့ဒေသတွေက KIA၊ KNU အစရှိတဲ့ (EAOs) များနှင့်ပေါင်းကာ ဘာသာရေးတိုက်ခိုက်မှုများကို လုပ်ဆောင်နေကြပါတယ်။
သောင်းကျန်းသူများထံ ခိုလှုနေသော PDF တွေဟာ ကွန်မြူနစ်/ ဘာသာမဲ့စိတ်ဓာတ် မှိင်းသွင်းခံထားရပြီး ဗမာစိတ်၊ ဗုဒ္ဓဘာသာရဲ့ မွန်မြတ်တဲ့ မေတ္တာစိတ်၊ အဆုံးအမတရားများကို မေ့ပျောက်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာဟာ ဘယ်လိုမှမဖြစ်သင့်သော အစွန်းရောက်ကိစ္စများပင် ဖြစ်ပါတယ်။ အစွန်းရောက်၊ ဘာသာမဲ့အကြမ်းဖက်သမားများ အမြန်ဆုံး ကျရှုးပါစေ..
Views