ပြီးခဲ့တဲ့ရက်ပိုင်းက
နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခို သယ်ဆောင်နေတဲ့ "TigerArms"ကုမ္ပဏီကို
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
-
လက်နက်တွေကို
ချင်းမိုင်ခရိုင်၊ မဲ့တဲန်နယ်စပ်၊ မဲ့ဟောင်ဆောင်နယ်စပ်နဲ့ တာ့ခ်ခရိုင်၊ မဲဆောက် နယ်စပ်ကနေ
မြန်မာနိုင်ငံကို သယ်ဆောင်ခဲ့ တာဖြစ်ပါတယ်လို့ ထိုင်းရဲ တပ်ဖွဲ့ကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း
ထိုင်းသတင်းဌာနက ရေးသားဖေါ်ပြ ထားပါတယ်။
-
TigerArms ကုမ္ပဏီကခေါင်းဆောင်တချို့နဲ့
ထိုင်းနိုင်ငံသားမစ္စတာချိုင်းဖုန်းကျစ်တကောန် ဆိုသူကိုလည်း ဖမ်းဆီးနိုင် ခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
ဖမ်းဆီးထားတဲ့အထဲမှာ TigerArms
ကုမ္ပဏီက
ခေါင်းဆောင်တချို့ပါဝင်တယ် ဆိုပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ် ဘယ်နှစ်ဦးကိုဖမ်းဆီးထားတယ်ဆိုတာကို
တော့ထုတ်ဖေါ် ပြောကြားခြင်းမရှိပါဘူး။
-
လက်နက်ငယ်
M4A1
ကာဘိုင်အများအပြား နဲ့ 79
မမ.
ဗုံးသီးထည့်ပစ်ရတဲ့ M203
ပြောင်းတွေအပါအဝင် အနောက်တိုင်း စစ်သုံးနားကြပ်များ၊ စစ်ဦးထုပ်၊ ကင်မရာ၊ အပူပိုင်းပုံရိပ်ဖော်ဒရုန်းနဲ့
ကျည်ဆံ ခဲယမ်းမီးကျောက်များလည်း သိမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေပြောပါတယ်။
အရေအတွက်အတိအကျကိုတော့ထုတ်ဖေါ် ပြောကြားခြင်း မရှိပါဘူး။
-
မြန်မာနိုင်ငံကစစ်အစိုးရကို
ဆန့်ကျင်တိုက်ခိုက်နေနဲ့ PDF
နဲ့
ကရင်အမျိုးသားအစည်းအရုံး (KNU)
တို့ကို
အများဆုံး ပေးပို့ခဲ့တာဖြစ်တယ်လို့ TigerArms ကုမ္ပဏီက
အဖမ်းခံရတဲ့ သူတွေကပြောကြားကြောင်းနဲ့ ၂၀၂၀ ခုနှစ်ကစပြီး တရားမဝင်လက်နက် မှောင်ခိုတွေကို
အကြိမ်များစွာ သယ်ယူခဲ့ပြီးဖြစ်ကြောင်း အဖမ်းခံရသူတွေက ဝန်ခံပြောကြားခဲ့ကြောင်း ကိုလည်း
ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေက သတင်းထောက်တွေကိုထုတ်ဖေါ်ပြောကြားသွားပါတယ်။
-
အခုဖမ်းဆီးရမိတဲ့လက်နက်တွေဟာ
အမေရိကန်က ထုတ်လုပ်တဲ့ လက်နက်တွေဖြစ်ကြောင်း ကိုလည်းထိုင်းရဲတပ်က ပြောကြားပါတယ်။
-
Tiger Arms ကဲ့သို့သော
လက်နက်ကုမ္ပဏီများသည် အမေရိကန် CIA
နှင့်
အစ္စရေး၏ မော့ဆက်တို့က ထိန်းချုပ်ထားသော ရှုပ်ထွေးသောနောက်ခံရှိကြောင်း လျှို့ဝှက်အစီရင်ခံစာများက
ဖော်ပြကြပြီး အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော် လက်နက် ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေကြောင်း
သိရှိရတယ်လို့လည်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ရေးသားဖေါ်ပြထားပါတယ်။
(mgronline)
KT